software

Thursday, March 24, 2011

iOS မှာ JailBreak, Android မှာ Root


android1









Apple iOS နဲ့ ပြိုင်ဘက်ဖြစ်ပြီး Opensource ဖြစ်တဲ့ Android ဟာ အခုဆိုရင် Mobile Phone တော်တော်များမှာ သုံးစွဲနေကြပါပြီ။ iPhone သမားတွေအတွက် Android ဟာ အနည်းငယ် စိတ်ပျက်စရာ ကောင်းတယ်လို့ထင်ရပေမဲ့ Andriod OS သုံးတဲ့ ဖုန်းတွေဟာ iOS လောက်တော့ ဈေးမကြီးတာ အမှန်ပါ။ iPhone,iPad ၀ယ်ပြီးတဲ့အခါမှာ Cracked Application တွေ ထည့်သွင်းနိုင်ဖို့ Jailbreak လုပ်ရသလို Android OS သုံးတဲ့ Phone တွေမှာ Root လုပ်ရပါတယ်။ ဒါပေမဲ့ Android မှာ Root လုပ်ခြင်းဟာ Application တွေ ထည့်ချင်ရာထည့်ဖို့ မဟုတ်ဘဲ System ပိုင်းဆိုင်ရာ ပြုပြင်ဖို့သာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ Root လုပ်ခြင်းဟာ မလိုအပ်ဘူးလို့တောင် ပြောရင်ရနိုင်ပေမဲ့ Root လုပ်မှ ရနိုင်မယ့် Features တွေလည်း ရှိပါသေးတယ်။ သတိပြုရမှာတော့ Root လုပ်ခြင်းဟာ အရမ်းကို risk များပါတယ်။ သတိထားပါ။ အစမ်းလုပ်ကြည့်ရမယ့် အရာမျိုးလည်း မဟုတ်ပါဘူး။ Root လုပ်ခြင်းကြောင့် ဖုန်းရဲ့ Warranty ပျက်ပြယ်သွားနိုင်သလို တစ်ခုခု မှားယွင်းသွားရင် ဖုန်းကို ဖွင့်မရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဘယ် Carrieer, ဘယ် Manufacturer ကမှလည်း root လုပ်ခြင်းကို ခွင့်မပြုပါဘူး။ ကွန်ပျူတာကို သာမန်သုံးစွဲနေတဲ့သူဟာ CPU ကို over clocking လုပ်စရာမလိုသလို Android Phone ကို သာမန်သုံးစွဲနေတဲ့သူဟာလည်း သူ့ဖုန်းကို root လုပ်စရာမလိုပါဘူး။ ဒါမှမဟုတ် ကိုယ်က advanced user တစ်ယောက်ဖြစ်တယ်၊ အတော်လေးကို ကျွမ်းကျင်မယ်ဆိုရင်တော့ root လုပ်ကြည့်လို့ ရပါလိမ့်မယ်။
ဒီလောက်အန္တရာယ်များတဲ့ Root ကို ဘာကြောင့်လုပ်ကြသလဲ
Root လုပ်ခြင်းအားဖြင့် Andriod မှာ Offical မရတဲ့ features တွေ ရနိုင်ပါတယ်။ ဥပမာအားဖြင့် on-the-fly screen capture, tethering နဲ့ advanced firewall apps တွေ ထည့်သွင်းလို့ ရနိုင်တာမျိုးတွေ၊ Ad Hoc Network ချိတ်ဆတ်နိုင်တာမျိုးတွေပါ။ ဒါ့အပြင် Root လုပ်ခြင်းအားဖြင့် ဖုန်းဝယ်စဉ်က ပါတဲ့ crapware ကို ဖယ်ထုတ်ပြီး Custom ROM တွေကို ထည့်သွင်းနိုင်ပါတယ်။ Custom ROM နဲ့ဆိုရင်တော့ မနေ့က Android Update ကိုတောင် ထည့်သွင်းနိုင်ဦးမှာပါ။ Root လုပ်ပြီးသား ဖုန်းတွေမှာ CPU ကို overclocking လုပ်နိုင်တဲ့ အပြင် Android ကို ပိုမိုမြန်ဆန်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါလိမ့်မယ်။ အဲဒါတွေရဖို့ အဲဒီလို apps တွေ အသင့်ထည့်ပေးပြီးသား custom ROM တွေ ထည့်သွင်းနိုင်သလို Rooted Phone တွေမှာပဲ ထည့်သွင်းလို့ရနိုင်တဲ့ app တွေလည်း Android Market မှာ အရန်သင့်ရှိနေပါတယ်။
ဘယ်လို Root လုပ်မလဲ
အရင်တုန်းကတော့ Android ကို root လုပ်ဖို့အတွက် Android Debug Bridge ကို install လုပ်ဖို့လိုပြီး command line ကနေ hack လုပ်ရပါတယ်။ အခုတော့ တချို့ hacker တွေကနေ အလွယ်တကူလေးနဲ့ root လုပ်နိုင်အောင် ရိုးရှင်းတဲ့ app လေးတွေ ထုတ်လုပ်လိုက်ပါပြီ။ Motorola Droid, Droid X, Milestone, HTC/Google Nexux One တွေအတွက် Easy Root နဲ့ လုပ်နိုင်သလို HTC handset အမျိုးမျိုးအတွက် Unrevoked နဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ root ပြုလုပ်ပေးတဲ့ apps တွေမှာလည်း အားနည်းချက်ရှိတာမို့ သတိထားပြီး သုံးစွဲရပါလိမ့်မယ်။ ဥပမာအနေနဲ့ HTC EVO 4G အတွက် Unrevoked 3 ဟာ အဆင်မပြေသေးပါဘူး။ ပြီးတော့ Android ရဲ့ နောက်ဆုံးဗားရှင်း 2.2 ဟာ root ပြုလုပ်တာကို ကာကွယ်ဖို့ features အသစ်တွေ ထည့်သွင်းထားပြန်ပါတယ်။ Apple လိုပါပဲ။ iOS ကို Jailbreak မလုပ်နိုင်အောင် တားဆီးပိတ်ပင်သလိုပါပဲ။ Easy Root နဲ့ Unrevoked ဟာ Android ဖုန်ုးအားလုံးမှာ အလုပ်မလုပ်ပါဘူး။
Android ပင်လယ်လို့တောင် တင်စားနိုင်အောင် Android ဟာ မြောက်မြားစွာကွဲပြားနေတဲ့အတွက် Android ဖုန်းအားလုံးကို root လုပ်နိုင်တဲ့ app ဟာ ပေါ်ထွန်းလာမယ်လို့တောင် မထင်ပါဘူး။ အခုအချိန်မှာ Samsung Galaxy ကို root လုပ်ဖို့ဆိုရင် နည်းလမ်းတွေရှိပေမဲ့ အတော့်ကို မလွယ်တဲ့ကိစ္စပါ။ ဒါကြောင့်မို့လည်း Root လုပ်ခြင်းကို ကျွမ်းကျင်သူတွေကတောင့် အားပေးမှာ မဟုတ်ပါဘူး။ Android ပေါင်း သောင်းခြောက်ထောင်အတွက် ဘယ် Android ကတော့ ဘယ် app နဲ့ root လုပ်လို့ရတယ်၊ ဘယ်ဟာတော့ မရဘူး စသည်ဖြင့် ရှုပ်ထွေးလွန်းတဲ့ ပြဿနာ ဖြစ်မှာမို့ပါပဲ။

Root လုပ်နည်း အသေးစိတ်သိရှိလိုပါက

http://www.pcworld.com/businesscenter/article/205336/root_android_the_easy_way.html


ကောင်ကလေး

No comments: