Saturday, March 19, 2011
iOS 4.3 အတွက် Tethered Jailbreak
ရက်ပိုင်းလေး အတွင် မှာ အသစ်ထွက်ရှိလာတဲ့ iOS 4.3 ကို snOwbreeze 2.3b1 version အသုံးပြုပြီး Tethered Jailbreak ချလို့ ရပါပြီ။ Tethered jailbreak ဆိုတော့ သိတဲ့အတိုင်းပါပဲ Power OFF လို့  Unlock လုပ်ဖို့  အဆင်မပြေပါဘူး... ဘာပဲဖြစ်ဖြစ် jailbreak လုပ်လို့  ရနေသေးတယ် ဆိုတော့ ကျေနပ်စရာပါ။
လိုအပ်တာလေးများ အရင် စုဆောင်းကြရအောင်
Download:
1) iOS 4.3 IPSW
* iPhone 4
* iPhone 3Gs
* iPod Touch 4
* iPod Touch 3
* iPad 2
* iPad
2) snOwbreeze 2.3b1 version
3) iTunes latest version
၁) snOwbreeze 2.3b1.exe ကို Run လိုက်ပါ။ OK နှိပ်ပါ --> Close Credit ကိုနှိပ်ပါ --> Next button (အပြာရောင်မြှား) ကိုနှိပ်ပါ။
၂) " ARE YOU SERIOUSLY SURE YOU WANT TO DO THIS? " ကို " Yes " နှိပ်ပါ။
၃) " Browse " ကိုနှိပ်ပြီး အပေါ်တွင် Download ဆွဲခဲ့သော မိမိ နှင့် သက်ဆိုင်ရာ Device ၏ IPSW file ကိုရွေးပေးပါ။
၎) snOwbreeze သည် IPSW ကို Identifying လုပ်နေပါမည်။
၅) IPSW Verified ဖြစ်သွားပါက " Next button " ကိုနှိပ်ပါ။
၆) Mode သုံးမျိုး ပေါ်လာပါက " Simple mode " ကိုရွေးပေးပါ ပြီးရင် " Next button " ကိုနှိပ်ပါ။
၇) Activate လုပ်မလား ဟုမေးသော message box တက်လာပါမည်။
" Yes " သည် မိမိ ဖုန်းကို hacktivate လုပ်ရန်လိုသူများသာ (SIM နှင့် Phone Activate မလုပ်နိုင်သူများ)
" No " သည် Official Carriers သုံးသူများ (SIM နှင့် Phone Activate လုပ်နိုင်သူများ)
၈) custom IPSW firmware စတင်ဆောက်နေပါပြီ " I'll stick to spinner " ကိုရွေးပြီး ထိုင်စောင့်ပါ
(သို့ ) " PacMan " ကိုရွေးပြီး Game ဆော့ရင်း ထိုင်စောင့်ပါ။
၉) firmware ဆောက်ပြီးပါက " Ok " နှိပ်ပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။
ရရှိလာသော custom IPSW firmware သည် သင့်၏ Desktop ပေါ်တွင် အသင့်ရောက်ရှိနေပါပြီ။
**********************
DFU mode ပြောင်းရန်...
ဤအဆင့်မှ စပြီး သင့် iPhone ကို DFU mode ပြောင်းရန် PC နှင့်ချိပ်ဆက်ပါ။
၁) Device ကို PC နှင့်ချိပ် Power " OFF " ပါ။
၂) " Start " button ကိုနှိပ်ပြီး ညွှန်ကြားချက်အတိုင်း Timing ကိုက်လုပ်ဆောင်ပါ။
အကယ်၍ DFU mode မအောင်မြင်ခဲ့ပါက " Start " ကိုနှိပ်ပြီး ပြန်ကြိုးစားကြည့်ပါ။
၃) နောက်ဆုံး DFU mode အောင်မြင်သွားပါက " Your device is now in a PWNED DFU state (black screen) " ဟု message box တက်လာပါမည်။
၎) " Ok " button ကို မနှိပ်ပါနှင့် " iTunes " ကိုဖွင့်ပါ
၅) iTunes မှ " Restore " button ကို Shift နှင့်တွဲပြီး နှိပ်ပါ ( Shift + Restore )
၆) Desktop တွင် ရှိနေသော custom firmware ကိုရွေးပြီး " Restore " လုပ်ပါ။
၇) Restore လုပ်ပြီးသော အခါ Device reboot လုပ်နေစဉ် Apple logo တွင် တစ်နေပါမည်။
၈) ဒါဆိုရင် " iBooty-for-4.3 " folder လေးသည် သင့် Desktop ပေါ်တွင်ရှိနေပါတယ် (firmware ဆောက်ထဲက တစ်ခါတည်း ရရှိပါတယ်)
၉) iBooty.exe ကို Run ပေးလိုက်ပါ။ သင့်၏ Device ကိုရွေးပေးလိုက်ပါ။
အခုဆိုရင် အားလုံးအောင်မြင်သွားပါပြီ " iBooty-for-4.3 " folder လေးကိုတော့ သိမ်းထားနော် Device reboot လုပ်လို့  ပြဿနာတက်တိုင်း ဒါလေးနဲ့ ချိပ်ပြီး ပြန်သုံးရမှာမို့ ပါ။
Source: KO MOE TA CHAR
ကောင်ကလေး
Labels:
phone
Subscribe to:
Post Comments (Atom)
No comments:
Post a Comment