software

Monday, November 7, 2011

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ဆုံး root လုပ်နည်းနှင့် မြန်မာစာ font ထည့်သွင်းနည်း


ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။ Sony Xperia root tools အားရယူရန်
Sony Xperia Driver အားရယူရန်
အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။ ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။ ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်ထားပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့ ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ။ ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။ အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။


ကောင်ကလေး

1 comment:

Anonymous said...

ပြောတဲ့ အျတိုင်းလိုက်လုပ်ကြည့်နေတာ။ ဆိုနီ ရေး ဖုန်းထဲမှာ ဇော်ဂျီဖောင့်ထည့်ချင်ပါတယ်။ သိပ်မကျွမ်းလို့ လားမသိဘူး Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်လို့ မရလို့ ကူညီပါလားနော်။
purewhite.9win@gmail.com and Globe Ninewin in facebook. ကိုဆက်သွယ်လည်းရပါတယ်။ ဒါမှမဟူတ် ဒီကလည်း ရပါတယ်။ ကျေးဇူးပါနော်။