software

Saturday, March 12, 2011

iPad 2










Apple ရဲ့  ပရိဿတ်အားလုံး မျှော်လင့်နေကြတဲ့ iPad 2 (second generation) မကြာခင် အားလုံးရဲ့ ရှေ့ မှောက်ကို ရောက်ရှိလာပါတော့မယ် January လကုန်ပိုင်းလောက်က ကြော်ငြာသွားပြီ ဖြစ်တဲ့ iPad 2 ကို လာမယ့် April လမှာ စတင် ဖြန့်  ဖြူးတော့မှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပစ္စည်းပြတ်သွားနိုင်တဲ့ အတွက် ကြိုတင်မှယူထားမှသာ စိတ်ချရမှာပါ..

ကြိုတင်မှာယူမှုများကို March 11 မှာ US အတွက် စတင်ပြီး
အခြား(26)နိုင်ငံများအတွက်တော့ March 25 မှာ စတင်မှာယူနိုင်ပါကြောင်း သိရပါတယ်...


ဈေးနှုန်းအနေနဲ့  $499 ကစတင်ပြီး မိမိရွေးချယ်မှုအလိုက် ဈေနှုန်းကွဲပြားသွားပါလိမ့်မယ်...


Dual Core A5 CPU သုံးထားတဲ့ iPad 2 ဟာ Gamer များအကြိုက်ဖြစ်တဲ့ အပြင် အရင် iPad ထက်
33% ပိုမိုပါးလွှာသွားပြီး အလွန်ပေါ့ပါးသွားပါတယ်၊ width က 13.4mm ကနေ 8.8mm ဖြစ်သွားလို့ 
iPhone 4 ထက်တောင် ပိုမိုပါးလွှာသွားတယ်လို့ ပြောထားပါတယ်...


အဖြူ နဲ့  အနက် နှစ်ရောင် ရွေးချယ်နိုင်တဲ့ iPad 2 မှာ facing camera ပါလာတဲ့ အတွက် Facetime
video call ခေါ်ဆိုရတာ iPhone ထက်ပိုပြီး အဆင်ပြေပါတယ်...
ကျောဘက်မှာလဲ Camera တစ်ခုပါရှိပြီး 720p HD quality video ရိုက်ကူးနိုင်ပါသေးတယ်...


iPad 2 က HDMI video output (up to 1080p) ကိုလဲထောက်ပို့ ပေးနိုင်မှာ ဖြစ်လို့  သင့်အနေနဲ့ 
cable($39)တစ်ချောင်းတော့ ဝယ်ထားဖို့ လိုပါတယ်..


iPad 2 က iOS 4.3 နဲ့ အတူ သင်တို့ လက်ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်...




 ကောင်ကလေး

No comments: