software

Thursday, July 7, 2011

iPad2 Easy Jailbreak

iPad2 အတွက် Jailbreak လုပ်နိုင်မယ့်နည်းကို တင်ပြပေးလိုက်ပါတယ်။ လွယ်လွယ်ကူကူနဲ့  Jailbreak လုပ်နိုင်မယ့် နည်းလမ်းဖြစ်လို့  မည်သူမဆို ရှင်းလင်းစွာ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့  ယုံကြည်ပါတယ်။ သင့်ရဲ့  iPad2 က iOS 4.3.3 ဖြစ်ဖို့ တော့လိုပါလိမ့်မယ်၊ အကယ်၍ iOS 4.3.3 မဖြစ်သေးဘူးဆိုရင် iTunes နဲ့ ချိပ်ဆက်ပြီး update အရင်လုပ်ပေးပါ။


JailbreakMe.com က သင့် iPad2 ကို ဘေးမသီရန်မခ လွယ်ကူစွာ Jailbreak လုပ်နိုင်ဖို့  တင်ဆက်ပေးလိုက်တာပါ။



Jailbreak လုပ်ရန်

၁) iPad မှနေပြီး Safari ကို ဖွင့်ပါ။

၂) JailbreakMe.com ကို သွားပါ။

၃) ဒီအခါမှာ Cydia ပုံလေးအောက်မှာ FREE ဆိုတဲ့ button လေးကို တွေ့ ပါလိမ့်မယ်။

၎) FREE button လေးကို နှိပ်လိုက်ပါ ဒါဆိုရင် INSTALL ဆိုပြီးပြောင်းသွားပါပြီ။

၅) INSTALL လုပ်လိုက်ပါ။

၆) Install ကိုနှိပ်လိုက်စဉ်မှာ Safari က အလိုလျှောက် ပိတ်သွားပြီး သင့် iPad2 ရဲ့  Home screen မှာ Cydia icon လေးရောက်နေပါပြီ။

၇) App တွေကို Install လုပ်နေသလိုမျိုး Cydia App ကို install လုပ်နေလို့  အချိန်အနည်းငယ်တော့ စောင့်ပေးရပါမယ်။

(ဒီနေရာမှာ တစ်ခုအရေးတစ်ကြီး သတိထားရမှာက Home screen Auto lock မဖြစ်သွားဖို့ ပါ၊ ဆိုလိုတာက Screen က မှိန်သွားပြီး မှိတ်သွားတာမျိုး မဖြစ်အောင် သတိထားပေးပါ စောင့်ကြည့် မနေနိုင်ဘူးဆိုရင်တော့ Settings > General > Auto-Lock > Never ကို Set ထားလိုက်ပါ။)

အားလုံးပြီးသွားရင်တော့ သင့် iPad2 fully Jailbreak ဖြစ်သွားပါပြီ။ JailbreakMe က iOS 4.3.3 iPhone,iPod Touch တို့ ကိုလည်း အထက်ပါနည်း အတိုင်း Jailbreak လုပ်နိုင်အောင် ဆောင်ရွက်ထားပါတယ်။

ကောင်ကလေး

No comments: