software

Saturday, July 2, 2011

Installous To PC Transfer

"Installous" ထဲကနေ Download လုပ်ထားတဲ့ App တွေကို PC ထဲဘယ်လို ပြောင်းသိမ်းမလဲ ဆိုတဲ့မေးခွန်းပါ။ "Installous" ကနေ Download ချပြီး install လုပ်ထားတဲ့ App တွေက iPhone ကို iTunes နဲ့  "Sync" လုပ်လိုက်ရင် မပါပဲ ကျန်နေခဲ့ပါတယ်။ ဒီမေးခွန်း နှစ်ခုက ဆက်စပ်မှုရှိနေပါတယ်...
Apple Store က Download ဆွဲထားတာမဟုတ်လို့  iTunes က ချန်ထားပြီး "Sync" လုပ်သွားတာပါ..
ဒီလို မဖြစ်ရအောင် "Installous" ကဆွဲထားတဲ့ App တွေကို PC ထဲအရင် ကူးထည်းပြီး iTunes ရဲ့  App section ထဲမှာ အရင်ထည့်ထားပေးပြီးမှ Phone ကို "Sync" လုပ်မယ်ဆိုရင် ပြဿနာ ပြည်လည်သွားပါပြီ... ဒီတော့ "Installous" ထဲက App တွေ PC ထဲအရင် ကူးထည့်ကြရအောင်...


iPhone Explorer ဆိုတဲ့ Software လေးအရင် Download ဆွဲကြပါစို့ ...


လုပ်ငန်းစဉ်

၁) iPhone Explorer ကို အရင် install လုပ်ပါ။

၂) iPhone ကို USB cable သုံးပြီး PC နှင့်ချိပ်ဆက်ပါ၊ iTunes တက်လာပါက ပိတ်လိုက်ပါ။

၃) iPhone Explorer က အောက်ပါပုံများအတိုင်း အဆင့်ဆင့် လုပ်ဆောင်ကြပါကုန်...







ဒီနေရာကို ရောက်ရင်တော့ ".ipa" နှင့် ဆုံးသော File ကို မိမိ စက်ထဲသို့  Drag and Drop ချပြီး ကူးထည်းလိုက်ရုံပါပဲ...
File လမ်းကြောင်း အစ/ဆုံး ကတော့ "your's iPhone/Root Directory/Var/mobile/Documents/installous/Download" ပဲဖြစ်ပါတယ်.. 



ကောင်ကလေး

No comments: