software

Tuesday, June 7, 2011

Firefox 4 မှာ Save and Quit ရအောင် လုပ်မယ်


ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ Mozilla Firefox 4 မှာ Tab Page တွေအများကြီးဖွင့်ထားပြီး ဒီတိုင်း ပိတ်မယ်ဆိုရင် Save and Quit လုပ်မှာလားဆိုတဲ့ Function မပါတော့ပဲ Close Tab ပဲ ပါရှိပါတယ်.....ထို့ကြောင့် အရင် Mozilla Firefox 3 Version အတိုင်း Save and Quit လုပ်မှာလားဆိုတဲ့ Function ကို ထည့်ဖို့အတွက် တစ်ဆင့်ခြင်း ဖော်ပြပါ့မယ်....ပထမဆုံး Firefox ကိုဖွင့်ပါ့မယ်...ဖွင့်ပြီးတာနဲ့ Address Bar မှာ “about:config” ဆိုတာကို ထည့်ပြီး Enter ခေါက်ပါ့မယ်...Enter ခေါက်လိုက်တာနဲ့ Warning တစ်ခုတွေ့ရပါလိမ့်မယ်.....ထို Warning ကို Click လုပ်လိုက်တာနဲ့ Page တစ်ခု ပွင့်လာပါလိမ့်မယ်...


ထို Page မှာ browser.showQuitWarning ဆိုတာကို ရှာလိုက်ပါ....တွေ့ပြီဆိုတာနဲ့ ညာဘက်အစွန်ဆုံး တန်ဖိုးနေရာမှာ false အဖြစ် အောက်ကပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ်.....




ထို browser.showQuitWarning မှာ Click လုပ်ပြီး Double Click ပေးလိုက်တာနဲ့ false တန်ဖိုးကနေ true တန်ဖိုးအဖြစ် ပြောင်းသွားတာကို အောက်ကပုံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်....




False တန်ဖိုးကနေ True တန်ဖိုးသို့ပြောင်းသွားပြီဆိုတာနဲ့ အရင် Version အဟောင်းအတိုင်း Save and Quit ဆိုတဲ့ Function ကို ပြန်ရပြီပဲ ဖြစ်ပါတယ်...စမ်းသပ်ရင်း အဆင်ပြေနိုင်ကြပါစေဗျာ....
ကောင်ကလေး

No comments: