software

Monday, May 16, 2011

အသစ်ထွက်ရှိလာတော့မဲ့ Sony ရဲ့ Tablet ၂ မျိုး


Sony က လည်း အခုဆိုရင် tablet တွေရဲ့ လောကထဲကို သူ့ရဲ့ tablet အသစ် ၂ မျိုးနဲ့ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။  လောလောဆယ် S1 နဲ့ S2 လို့ code name တွေ ပေးထားတဲ့ tablet အသစ် ၂ မျိုးကို ပုံကြမ်းတွေ ထုတ်ပြ လာခဲ့ပြီ ဖြစ်ပြီး ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ စတင်ရောင်းချ လာတော့မှာ ပါ။  Sony ဆိုရင် ဒီဇိုင်း ဆန်း၊ အရည်အသွေးကောင်း ပစ္စည်း ဆိုတဲ့ မူကို မပျက်စေပဲ လှပဆန်းသစ်တဲ့ ဒီဇိုင်း၊ အသုံးဝင်လှတဲ့ ပုံစံ၊ hardware တွေနဲ့ ထွက်ပေါ်လာမှာပါ။  ကောင်းမွန်တဲ့ hardware ၊ ဒီဇိုင်း သာမက သူတို့ရဲ့ ကွန်ယက်နဲ့ပါချိတ်ဆက်ပေး ထားမဲ့ တကယ့်ကို ပြည့်စုံတဲ့ ပေါင်းစည်းမှု တစ်ခု ဖြစ်မှာပါ။

Tablet ၂ ခုလုံးကို Google ရဲ့ Android 3.0 OS ထည့်သွင်းပေးထားမှာ ဖြစ်ပြီး ဒီ OS က screen size ကြီးတဲ့ tablet လို device တွေ အတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်တာကြောင့် ကောင်းမွန်တဲ့ တွဲဖက်မှု တစ်ခု လို့ ပြောနိုင် ပါတယ်။  Google mobile ရဲ့ ဒုတိယ ဥက္ကဌကတော့ သူတို့ရဲ့ OS ဟာလည်း ဒီလို screen size ကြီးတဲ့ tablet တွေကို ဦးတည် ထားတာဖြစ်ပြီး Sony လို hardware နဲ့ ပူးပေါင်းရမှာကတော့ စိတ်လှုပ်ရှားစရာ ကောင်းလှ ပါတယ်လို့ ပြောဆို သွားခဲ့ပါတယ်။
ဒီ tablet မှာ wifi သာမက WAN အတွက် 3G/4G လည်းပါဝင်မယ်လို့ သိရပါတယ်။ tablet ကနေ အင်တာနက်သုံး၊ အီးမေး စစ်၊ စတဲ့ သာမန်ကိစ္စတွေကိုသာမက Sony ရဲ့ premium network တွေဖြစ်တဲ့ Qriocity music and video service ကနေ သီချင်းတွေ ဗီဒီယိုတွေ ဆွဲယူ ကြည့်ရှုနိုင်မှာ ဖြစ်သလို ၊ PlayStation Suite နဲ့ ချိတ်ဆက်ပြီး PlayStation game တွေကို ကစား နိုင် ပြီး၊ Reader Store ကနေ စာအုပ်တွေကို ရွေးခြယ် ဖတ်ရှု နိုင်ဦးမှာပါ။  Sony ကတော့ သူတို့ရဲ့ tablet တွေဟာ အသုံးပြုသူတွေကို cloud-based service တွေနဲ့ စိတ်ကျေနပ်မှု တွေ ပေးစွမ်းနိုင်ပြီး သွားလေရာမှာ အမြဲ ချိတ်ဆက် အသုံးပြု နိုင်ဖို့ လည်း ရည်ရွယ်ထားပါတယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

S1 လို့ ယာယီ နာမည်ပေးထားတဲ့ tablet ကတော့ screen size ကြီးကြီးကို သဘောကျတဲ့ သူတွေ အတွက်ဖြစ်ပြီး S2 ကတော့ ပေါ့ပေါ့ပါးပါး နဲ့ သယ်ဆောင်ရ လွယ်တဲ့ အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက်ပါ။  S1 မှာ ၉ ဒသမ ၄ လက်မ screen size ရှိပြီး S2 မှာတော့ ၅ ဒသမ ၅ လက်မ screen ၂ ခု ပါဝင်ပြီး အလယ် ကနေ ခေါက်သိမ်းပြီး ယူဆောင်သွားလို့ ရပါတယ်။  S1 ကတော့ ထူးခြားတဲ့ gravity ကို အလယ်ကနေ ဖယ်ထားတဲ့ ဒီဇိုင်း သစ်ကြောင့် အသုံးပြုရတာ ပိုပြီး တည်ငြိမ်မှု ရှိသလို၊ ကိုင်တွယ်ရတဲ့ နေရာမှာလည်း သက်တောင့် သက်တာ ရှိစေမယ်လို့ သိရပါတယ်။  S2 ကတော့ screen ၂ ခု ပါဝင်တာကြောင့် အဲဒီ screen ၂ ခုကို ပေါင်းစည်းပြီး screen အကြီး တစ်ခု အဖြစ် အသုံးပြုနိုင်သလို ၊ screen တစ်ဖက်မှာ keyboard, control စတာတွေ ထားပြီးလည်း အလွယ် တကူ အသုံးပြု နိုင်မယ်လို့ သိရပါတယ်။

ဒီ tablet တွေဟာ tablet တစ်ခု အနေနဲ့သာမက အိမ်မှာဆိုရင် university remote အနေနဲ့လည်း အသုံးပြုနိုင်မယ် လို့ သိရပါတယ်။  Sony ရဲ့ BRAVIA လို တီဗီ မျိုးနဲ့ စတင်ပြီး ပူးတွဲ အသုံးပြု နိုင်မှာပါ။  အသုံးပြုသူက tablet ကို အသုံးပြုပြီး တီဗီကို ဖွင့်နိုင်မယ်၊ channel တွေ ပြောင်းလဲ ကြည့်ရှု နိုင်မှာ ဖြစ်သလို tablet မှာ ရှိတဲ့ မီဒီယာတွေကို တီဗီကို wireless အားဖြင့် ပို့လွှတ်ပြီး မိသားစု နဲ့ အတူတူ ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။  ဒါ့အပြင် သီချင်းတွေ အတွက်လည်း speaker နဲ့ wireless ချိတ်ဆက် နားထောင် နိုင်ဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။
လက်ရှိ ဖော်ပြထားတဲ့ ဒီဇိုင်းတွေကိုလည်း အခြေအနေအရ ပြောင်းလဲမှု ရှိနိုင်တယ်လို့ သိရပါတယ်။  ဈေးနှုန်းနဲ့ ပါဝင်တဲ့ specification တွေကိုတော့ မကြာခင်မှာ အသေးစိပ်သိရဖို့ မျှော်လင့်ရပါတယ်။



ကောင်ကလေး

No comments: