software

Friday, April 1, 2011

Google Cloud Print

cloudprint









Google Cloud Print Google က ကိုယ့်အိမ်က Printer ကို ဘယ်နေရာကမဆို လှမ်းပြီး Print ထုတ်နိုင်တဲ့ Google Cloud Print ကို တီထွင်ထားပါတယ်။ ကိုယ့်အိမ်က ကွန်ပျူတာဟာ Printer နဲ့ချိတ်ထားမယ်၊ အင်တာနက်ချိတ်ထားမယ်၊ ပြီးတော့ Google Chrome ကိုလည်း Installလုပ်ထားဖို့တော့ လိုပါလိမ့်မယ်။ အဲဒီလိုဆိုရင် ကိုယ်က အင်တာနက်ရတဲ့ တခြားကွန်ပျူတာတစ်လုံးကနေ Google Docs ကို အသုံးပြုပြီး ကိုယ့်အိမ်က Printer ဆီ Print ထုတ်နိုင်တာမျိုး၊ ဒါမှမဟုတ် ကိုယ့် Mobile Phone ကနေ Print ထုတ်နိုင်တာမျိုးတွေ လုပ်နိုင်ပါလိမ့်မယ်။

ဘယ်လိုလုပ်ရမှာလဲ

ကိုယ့်အိမ်က ကွန်ပျူတာမှာ Google Chrome ရဲ့ Latest Version ကို install လုပ်ပါ။ ပြီးတဲ့အခါမှာ Chrome ထဲမှာ Cloud Print ကို enable လုပ်ရပါလိမ့်မယ်။ လုပ်နည်းအဆင့်ဆင့်ကိုတော့
http://www.google.com/landing/cloudprint/win-enable.html မှာ ကြည့်နိုင်ပါတယ်။

နောက်ပိုင်း ကိုယ်ဘယ်နေရာမှပဲရောက်နေရောက်နေ ကိုယ့်လက်ထဲမှာ Mobile Phone တစ်လုံး ရှိမယ်၊ Wi-Fi Connection လည်း ရှိနေမယ်ဆိုရင် Gmail for Moible ဒါမှမဟုတ် Google Docs for Mobile ကို အသုံးပြုပြီး ကိုယ့်အိမ်က Printer ဆီ Print ထုတ်နိုင်ပါပြီ။ Chrome Notebook တွေနဲ့လည်း Print ထုတ်နိုင်ပါတယ်။

Google Cloud Print နဲ့ ပတ်သတ်ပြီး အသေးစိတ်သိလိုပါက
http://www.google.com/support/cloudprint/




ကောင်ကလေး

No comments: