software

Thursday, September 29, 2011

Internet Download Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း

ကျွန်တော် ဒီနေ့တော့ တောင်းဆိုတာလဲ များနေတဲ့အပြင် တော်တော်များများလဲ အဆင်မပြေသေးတဲ့ IDM ကို Full Version ဖြစ်အောင်မသုံးတက်သေးတဲ့ သူတွေအတွက် Keygen နဲ့ Patch File အသုံးပြုနည်းရယ် ၊ အဲ့ဒါတွေကို အသုံးမပြုမှီ ဘာတွေပြင်ဆင်ဖို့ လိုတယ်ဆိုတာရယ် မိမိစက်မှာ လက်ရှိသုံးနေတဲ့ Internet Downlaod Manager က Update မဖြစ်ဖူးဆိုရင် ဘယ်လို Update ပေးပြီး Full Version သုံးလို့ရအောင် ဘယ်လိုလုပ် ရမယ်ဆိုတာကို အသေးစိတ် Install လုပ်နည်းကအစ ပုံလေးတွေနဲ့ ရှင်းပြပေးသွားပါမယ်.. ဒီနေရမှာ ကျွန်တော်က ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ဆိုတာကိုပဲ အဓိကရေးပေးသွားမှာပါမယ် ..

တစ်ခါတစ်လေ ကျတော့လဲ စာရေးရတာ တော်တော်စဉ်းစား နေရပါတယ်.. တစ်ချို့က ကွန်ပျူတာ နဲ့ပါတ်သတ်ရင် သုံးတက်တာကလွဲပြီး Software ပိုင်းတွေ နဲ့ပါတ်သတ်ရင် လုံးလုံးကိုနားမလည်တဲ့ သူတွေရှိပါတယ် .. ကျွန်တော်အနေနဲ့ အများစုအဆင်ပြေအောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့အဓိက ထားပြီး ရေးပေးနေတာပါပဲ.. တကယ်လို့မိမိတို့က ကွန်ပျူတာအခြေခံ လုံးဝမရှိသေးလို့ နားမလည်ဘူးဆိုရင်တောင် ပုံလေးတွေကြည့်ပြီးတော့ ကြိုးစားပြီးလုပ်ပေးစေချင်ပါတယ်.. စမ်းမကြည့်ပဲနဲ့ ဘာတွေရေးထားမှန်း နားမလည်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှတက်နိုင်မှာမဟုတ်ပါဘူး .. ဘယ်အရာမဆို ကိုယ်တိုင်ကြိုးစား အားထုတ်မှုလေးတွေတော့ လိုအပ်တာအမှန်ပါပဲ.. ဘာမှမသိဘူးဆိုပြီး ဘာမှမလုပ်ပဲနေရင်တော့ ဘာမှသိလာမှာလဲမဟုတ်ပါဘူး ..

ESET Smart Security 5.0.93.0 ( x86 and x64 )

ကျွန်တော် ESET SMART SECURITY ကို Update အသစ်လေးထွက်လာ လို့တင်ပေး လိုက်ပါတယ်.. ပြီးတော့ဒီကောင်လေး အတွက်  2016 အထိသုံးလို့ရမဲ့ Username နဲ့  Password ပါတင်ပေးလိုက် ပါတယ်.. ဒီကောင်လေး အတွက်  64 Bits နဲ့ 32 Bits နှစ်မျိုးလုံး တင်ပေးထားပါတယ်.. ဒီကောင်လေးက မိမိတို့ကွန်ပျူတာကို Virus တွေ ၊ Spyware တွေ ၊ Trojan တွေ Computer , Network , Web and E-Mail တို့မှဝင်ရောက် ခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်.. ပြီးရင် ဒီကောင်လေးက မိမိတို့ကွန်ပျူတာကို ၀င်ရောက်လာတဲ့ Span Mail တွေ Link တွေကို Block လုပ်ပေးနိုင်ရုံတင်မဟုတ်ပဲ URL တွေ IP Address တွေကအစ ဖော်ပြပေးမှာဖြစ်ပါတယ်.. လိုအပ်တဲ့သူတွေကတော့ အောက်မှာအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ…

WinRAR 4.65 Full Version



ကျွန်တော်တို့ အင်တာနက်ကနေ  Software တွေကို ဒေါင်းလော့ချတဲ့ အခါမှာ အများစုက ဖိုင်တွေကို Zip နဲ့ချုပ် တာထက်စာရင် WinRAR ကိုအသုံးများ ကြပါတယ်.. ဒါကြောင့် ကျွန်တော်တို့အနေနဲ့  ဆော့ဝဲလ်တွေကို အင်တာနက်မှာ တင်မယ်ဆိုရင် ပိုပြီးတော့ ပေါ့သွားစေဖို့ အတွက် WinRAR နဲ့ချုပ်ကြသလို ဒေါင်းလော့ချပြီးသား  Software တွေကို ဖိုင်ပြန်ဖြေတဲ့ အတွက် WinRAR ကိုအသုံးပြုကြတာ ဖြစ်ပါတယ်.. အခု ကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကတော့ Full Version လေးပါ ..ကွန်ပျူတာ အသုံးပြုသူတိုင်း WinRAR ကိုအသုံးပြုနေ ကြတာဖြစ်တဲ့အတွက် လိုအပ် မယ်လို့ထင်လို့ တင်ပေးလိုက်တာပါ .. တကယ်လို့ မိမိတို့သုံးနေတာက Full Version လေးမဟုတ်သေးဘူးဆိုရင်တော့ အခု ကျွန်တော် တင်ပေးလိုက် တဲ့ကောင်လေးကို သာအောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..

Monday, September 19, 2011

Internet Download Manager 6.07 Build 11 + Patch

Internet  Download  Manager  နောက်ထပ်  Update ထပ်ထွက်လာလို့တင်ပေးလိုက်ပါတယ်.. Build 11 ထပ်
ထွက်လာတာပါ..Update ကိုသုံးချင်တဲ့သူတွေ အတွက်တင်ပေး လိုက်တာပါ. IDM နဲ့ပါတ်သတ်ပြီးကျွန်တော်အဆင်
မပြေတာတွေ ဖြစ်မှာစိုးလို့ Install လုပ်နည်းကအစ Video File လေးနဲ့ရှင်းပြပေးထားဖူးပါတယ်.ဒါပေမယ့်လည်းအ
ခုအချိန် အထိအဆင်မပြေကြသေးပါဘူး.. ကျွန်တော်လဲမအားသေးလို့ပါ..အားလိုက်အကြောင်းအရာတစ်ခုကိုစာလေး
ရေးလိုက်လုပ်နေရလို့ပါ….ကျွန်တော်နောက်ပိုင်း IDM ကိုဘယ်လို Install လုပ်ရမယ်ဆို တာကို ပုံလေးတွေနဲ့အသေး
စိတ်ရှင်းပြပေးပါမယ်.လောလောဆယ် Update လေးကိုသုံးချင်သူတွေကတော့ အောက်မှာအဆင်ပြေတဲ့လင့်ကနေသာ
ဒေါင်းလော့ချသွားလိုက်ပါ..

Thursday, September 15, 2011

Zawgyi-One နှင့် Unicode နှစ်မျိုးလုံးသုံးချင်သူများ အတွက်



ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာကို စတင်အသုံးပြုသူတွေအတွက် Zawgyi-One Install လုပ်နည်းနဲ့ အခု
နောက်ပိုင်းပေါ်လာတဲ့ Unicode နဲ့Zawgyi-One နှစ်မျိုးလုံးကိုမိမိတို့ရဲ့ကွန်ပျူတာမှာလွယ်လွယ်ကူကူနဲ့
အသုံးပြုနိုင်စေဖို့အတွက်..ဒီပို့စ်လေးကိုရေးဖြစ်သွားတာဖြစ်ပါတယ်..Zawgyi-One ကို Install လုပ်တဲ့
အခါမှာ 32 Bits အတွက်အခက်အခဲမရှိပေမယ့် 64 Bits အတွက် Install လုပ်တဲ့အခါမှာအခက်အခဲလေး
တွေရှိတက်တာကိုတွေ့ရပါတယ်..ဒီပို့စ်လေးက စတင်လေ့လာကာစ နဲ့မသိသေးသူများ အတွက်သာရည်
ရွယ်ရေးသား တာဖြစ်တဲ့အတွက် သိပြီးသားသူများအနေနဲ့ တော့လိုအပ်လိမ့်မယ်လို့ မထင်ပါဘူး..ကျွန်တော်
တို့ Zawgyi-One ကိုအရင်ဆုံး အောက်မှာမိမိတို့အဆင်ပြေတဲ့ လင့်ကနေဒေါင်းလော့ချလိုက်ပါ..

Thursday, September 1, 2011

Internet Download Manager 6.07 Build 5 + Keygen


IDM  Update အသစ်လေးထပ်ထွက်လာလို့တင်းပေးလိုက်ပါတယ်..။ ( ၁၈.ရ.၂၀၁၁ ) ထွက်တာလေးပါ..။
ကျွန်တော်  IDM ကို  Update ထွက်တိုင်းတင်ပေးနေပါတယ်..။ဒီကောင်လေးကိုဘယ်လို  Install  လုပ်ရ
မယ်ဆိုတာမသိသေးသူတွေအတွက်ကျွန်တော်အရင်ပို့ဒ်တွေမှာတင်ခဲ့သလိုပဲအခုလဲအောက်မှာ  Video
File  လေးနဲ့တင်ပေးထားပါတယ်..။Update  ကိုမှသုံးချင်သူတွေအတွက်တော့အဆင်ပြေပါလိမ့်မယ်..။
အရင်တင်ပြီးသားရှိတဲ့သူတွေကလဲအသစ်ထပ်ပြီး  Run  စရာမလိုပါဘူး..။မိမိစက်မှာတင်ထားတဲ့  IDM
လေးကို  Update  ထပ်ပေးလိုက်ပါ.။ပြီးရင်ကျွန်တော်ထည့်ပေးလိုက်တဲ့  SND  လေးနဲ့  Crack ချိုးပြီး
Key  အသစ်ပြန်ထည့်ပြီးသုံးယုံပါပဲ..။လိုအပ်တဲ့သူများအောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်း
လော့ချသွားလိုက်ပါ..။ 

Tuesday, August 23, 2011

iPhone ကို Samsung က ဘာတွေပံ့ပိုးနေလဲ...

 ယခုနောက်ဆုံးပေါ် Android phone အမျိုးစားဖြစ်တဲ့ Nexus S ဖုန်းကို Samsung ကထုတ်လုပ်လိုက်ပြီး Google က သူရဲ့  နောက်ဆုံးပေါ် App တွေနဲ့  အတူ ပူပေါင်း ပါဝင်ထားပါတယ်။ ထူးခြားချက်လေး တစ်ခုက Nexus S ရဲ့  မျက်နှာပြင်ဟာ တစ်ဖြောင့်ထဲ မဟုတ်ပဲနဲ့  မှန်ခွက် ပုံစံပြုလုပ်ထားပါတယ်၊ ဒါဟာ ဖုန်းပြောဆိုတဲ့ အချိန်မှာ အလွန်ထိရောက်ပြီး သက်တောင့် သက်သာ ရှိစေနိုင်မယ့် အနေအထားပါ။ Apple ရဲ့  iPhone5 ထွက်လာတဲ့ အခါမှာလဲ အခုလို မှန်ခွက် ဒီဇိုင်း နဲ့  ထွက်လာလိမ့်မယ်လို့  ထင်မြင်မိပါတယ်..



Thursday, August 11, 2011

Facebook Virus ကိုဘယ်လိုရှင်းမလဲ


အခုတစ်လော  Facebook  မှဝင်လာတဲ့  Malware  ကတော်တော်လေးကိုဒုက္ခပေးနေတာတွေ့ရပါတယ်
ဒီကောင်ဝင်လာပြီဆိုတာနဲ့စက်မှာရှိတဲ့ဘယ်  Antivirus  မဆိုအလုပ်မလုပ်တော့ပါဘူး..။ဖြုတ်လို့တောင်
မရတော့ပဲအသစ်ပြန်တင်တာနဲ့စက်က  Restart ထိုးထိုးကျသွားပြီးဘာမှကိုလုပ်လို့မရဘူးဖြစ်နေတာကို
တွေ့ရပါတယ်..အခုအကိုတစ်ယောက်ကလဲမေးထဲတာနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းလေးကိုအောက်
မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..မဖြစ်သေးတဲ့သူတွေလဲသတိထားစေချင်လို့အဲ့ဒီအကိုပို့လိုက်
Virus ၀င်လာပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်..