software

Monday, November 7, 2011

iOS 5.0.1 Jailbreak အတွက် RedsnOw 0.9.9b8 အသစ်

iOS 5.0.1 ဗားရှင်းကို Jailbreak လုပ်နိုင်မယ့် RedsnOw 0.9.9b8 ကို Dev-team က ထပ်မံထုတ်ပေးလိုက်ပြန်ပါပြီ။
RedsnOw အသစ်က iOS 5.0.1 သုံးနေသော iPhone 3Gs (old bootrom) အတွက် Untethered jailbreak ပြုလုပ်နိုင်ပြီး iPhone 4, 3Gs (new bootrom), iPdodTouch 4G, 3G နှင့် iPad 1 အတွက်တော့ Tethered jailbreak လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

Download

>>
RedsnOw 0.9.9b8 (Win)
>> RedsnOw 0.9.9b8 (Mac)

>> Download iOS 5.0.1 For Developer


ကောင်ကလေး

G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်

ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 


အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် ..

TuneUp Utilities 2012 + Serial keys ( Update )

ဒါကတော့ အကိုတစ်ယောက် အဆင်မပြေဖူးဆိုလို့ Serial Key လေးနဲ့ပြန်တင် ပေးလိုက်ပါတယ် .. TuneUp Utilities 2012 ကတော့ နောက်ထပ်ထွက်တဲ့ Version လေးပါ .. အရင်တစ်ခါ တင်ပေးပြီးသား လည်းရှိပါတယ် ..မိမိတို့ အဆင်ပြေတဲ့ ကောင်ကိုသုံးပါ .. ဒီကောင်လေးကတော့ မိမိတို့ ကွန်ပျူတာမှာ တော်တော် များများ ဖြစ်နေတဲ့ Error တွေကို ဖြေရှင်းပေးနိုင် ဖို့အတွက် အထောက်အကူ ပေးမှာဖြစ်ပါတယ် .. စက်က သုံးတာကြာလာလို့ အရမ်းလေးလာပြီ ဆိုရင် ဒီကောင်လေးကို အသုံးပြုပြီး ရှင်ပေးမယ် ဆိုရင် စက်က သိသိသာသာ ပေါ့သွားပါလိမ့်မယ် ..  ကျွန်တော် အောက်မှာ Key  ဘယ်လို ထည့်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

G-talk Account ကအမြဲတမ်း Online ပြနေတယ်ဆိုရင်

ကျွန်တော့်ကို ကိုတစ်ယောက် မေးထားတာလည်း ရှိတာနဲ့ G-talk အကောင့်တွေကို Sing Out လုပ်လိုက် ပေမယ့်လည်း တစ်ခြား မိမိအကောင့်ထဲက သူတွေဆီမှာ Offline မဖြစ်သွားပဲ Online ဖြစ်နေသူတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေကို ရေးပေးသွားပါမယ် .. 
အရင်ဆုံး မိမိတို့ G-talk ဟာ မိမိတို့က Sing Out လုပ်လိုက် ပေးမယ့်လည်း Online အနေနဲ့ပဲ မိမိအကောင့် ထဲက သူတွေဆီမှာ ဖြစ်နေသေးတယ် ဆိုရင် အရင်ဆုံး စဉ်းစား ရမှာက မိမိက G-talk မှာမဟုတ်ပဲ G-Mail မှာများ အကောင့်ကို ဖွင့်ထားသေးလား ဒါမှမဟုတ် တစ်ခြား ဆိုဒ်တစ်ခုခုကနေ G-Mail ဖွင့်ထားခဲ့ တာများ ရှိသေးလား ဆိုတာတွေကို အရင်စဉ်းစား သင့်ပါတယ် .. အဲ့လိုမှ မဟုတ်သေးဘူး ဆိုရင်တော့ အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ပါတ်ဝတ်စ်ချိန်း လိုက်ပါ .. ကျွန်တော် အောက်မှာပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ .. 


နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ အကောင့်ဖောက် တုန်းက ပေးထားခဲ့တဲ့  Security question တွေ နောက်ပြီးတော့ Recovery email တွေကို ပြန်ပြီးတော့ ပြောင်းပေးလိုက်ပါ .. တကယ်လို့ မိမိတို့အကောင်က ဖွင့်လို့မရတော့ဘူး Fail ဖြစ်သွားမယ် ဆိုရင်တောင် ဒီကောင်လေး တွေကို မှတ်မိနေမယ် ဆိုရင် ပြန်ပြီးတော့ Recover လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်ကလင့်လေးကနေ သွားပြီး ချိန်းပေးလိုက်ပါ .. 

Android Vs iOS (သင်ဘာကိုရွေးမလဲ)


Apple ရဲ့ iPhone Generation များဟာ အခုအချိန်ထိ ကမ္ဘာပေါ်မှာ အကောင်းဆုံး စမတ်ဖုန်းအဖြစ်အသိအမှတ်ပြုထားကြတဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ဒါပေမယ့် အခုနောက်ပိုင်းမှာ
Google ရဲ့Android Operating System သုံးဖုန်းများဟာ ဖုန်းဈေးကွက်ထဲမှာ အများအပြားနေရာယူလာပါတယ်။ အဲဒီလိုပဲGoogle ရဲ့ Android OS သုံးဖုန်းများ နဲ့ Apple ရဲ့ iOS
စနစ်သုံးဖုန်းများဖြစ်တဲ့ iPhone တို့ဟာလည်း အဓိကပြိုင်ဘက်များဖြစ်လာကြပါတယ်။OS နှစ်ခုလုံးက အခုလောလောဆယ်မှာ အသုံးအများဆုံး နဲ့ နာမည်ကြီး Mobile Operating System
ဖြစ်ကြပြီးအားသာချက် အားနည်းချက်ကိုယ်စီတော့ ရှိကြပါတယ်။Android OS ဟာ iOS ကိုအဓိကယှဉ်ပြိုင်လာတဲ့ OS တစ်ခုဖြစ်ပါတယ်။ Apple အနေနဲ့ပြောရမယ်ဆိုရင် Android ကို သူတို့ရဲ့
အဓိကကျတဲ့စနစ်တစ်ချို့ကို ကူးယူအသုံးပြုထားတယ်လို့တရားစွဲဆိုထားပါတယ်။ Apple ရဲ့ Android အပေါ်ထားတဲ့ မုန်းတီးစိတ်အကြောင်းကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ Apple ရဲ့
ဦးဆောင်သူဖြစ်တဲ့Steve Job ဟာ ကွယ်လွန်ခါနီးမှာ Android OS ဟာ သူတို့ရဲ့ iOS ကို အကုန်လုံးနီးပါးကူးယူထားတာဖြစ်တဲ့အတွက် Android OS ကို ကျဆုံးဖို့ရာသာအလိုရှိတယ်လို့
Steve Job ရဲ့အတ္တုပတိစာအုပ်မှာရေးသားဖော်ပြခဲ့ပါတယ်။ Android OS ကိုအပြီးတိုင်ကျဆုံးစေဖို့အတွက် Apple ကုမ္ပဏီပိုင်ငွေကြေးအားလုံးကိုပင် သုံးစွဲဖို့လိုအပ်ပါက သုံးစွဲရမည်ဖြစ်ကြောင်းကို
ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဆိုရင် Android OS နဲ့ iOS တိုက်ပွဲဟာ ပိုမိုပြင်းထန်လာဖို့သာရှိပါတယ်။ သူတို့ ဘယ်လိုပဲပြင်းထန်ပါစေ ၊ အနိုင်အရှုံးဟာ သုံးစွဲသူတွေပေါ်မှာသာမူတည်ပါတယ်။

Android ဖုန်းထဲကနေ application တွေကို အင်တာနက်ကနေ တိုက်ရိုက်ရယူနိုင်မယ့် SlideMe Market App


Android ဖုန်းထဲကနေ application တွေကို အင်တာနက်ကနေ တိုက်ရိုက်ရယူနိုင်မယ့် SlideMe Market App ကိုတင်ပေးလိုက်ပါတယ်။ ဒီ application
ကိုသုံးဖို့အတွက် ဖုန်းကို အင်တာနက်ချိတ်ဆက်ထားဖို့လိုပါလိမ့်မယ်။ SlideMe Market Application လေးကို ဖုန်းထဲမှာသွင်းထားပြီး မြောက်များစွာသော
game တွေ application တွေကို download ရယူနိုင်မှာပါ။ ဒါပေမယ့် အခမဲ့ application တွေကိုပဲ ရယူနိုင်မှာပါ။ ရှိထားသင့်တဲ့ application တစ်ခုဖြစ်လို့
လိုချင်တယ်ဆိုရင်အောက်မှာရယူနိုင်ပါတယ်။

Android ဖုန်းနဲ့ Tablet တွေအတွက် “မြန်မာကီးဘုတ်”

 Android ဖုန်းနဲ့Tablet တွေအတွက် မြန်မာစာရိုက်ဖို့ “မြန်မာကီးဘုတ်” လေးပါ။ ဒီကီးဘုတ်လေးက ဇော်ဂျီဖောင့်အသုံးပြုထားတဲ့ကီးဘုတ်လေးတစ်ခုပါ။
အသုံးပြုပုံပြုနည်း နဲ့ ထူးခြားချက်များကိုအောက်မှာဆက်လက်ရှင်းပြသွားပါမယ်။
အရင်ဆုံး “မြန်မာကီးဘုတ်” ကိုအရင် download ရယူလိုက်ပါ။

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ဆုံး root လုပ်နည်းနှင့် မြန်မာစာ font ထည့်သွင်းနည်း


ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။